ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲ Mr. Justin Brady အား လက်ခံတွေ့ဆုံ

(၅-၁၁-၂၀၂၅ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady အား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ ၁၅:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေးနှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အေဂျင်စီများအကြား လူသားချင်းစာနာမှု အကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက် နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြေကြာင်း သိရှိရပါသည်။