(၃-၂-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အငယ်တန်းအမှုထမ်းများအတွက် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၃-၂-၂၀၂၃ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ တာဝန်ရှိသူများနှင့် သင်တန်းသား ၇၂ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၉-၁-၂၀၂၃ ရက်မှ ၃-၂-၂၀၂၃ ရက်အထိ ရက်သတ္တ (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး၊ အသစ်ခန့်အပ်သည့် အငယ်တန်းအမှုထမ်းများအတွက် အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာများ၊ နိုင်ငံတကာရေးရာများ၊ ဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွ က်မှုများ၊ ကောင်စစ်ရေးရာ၊ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆို င်ရာ အခြေခံ ဗဟုသုတများကို သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။





