(၁၃-၉-၂၀၂၃ ရက်၊ ပေကျင်း)
ပေကျင်းမြို့၊ မြန်မာသံရုံးအနေဖြင့် အာဆီယံအမျိုးသမီးအသိုက်အဝန်း၏ ဥက္ကဋ္ဌရာထူးတာဝန်အား သံအမတ်ကြီး၏ဇနီး ဒေါမိမိမော်ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ (၆) လကြာတာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဖိလစ်ပိုင်သံရုံးသို့ ဥက္ကဋ္ဌရာထူးလွှဲပြောင်းသည့်အခမ်းအနားကို ၁၃-၉-၂၀၂၃ ရက်တွင် မြန်မာသံရုံး၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ဇနီး ဒေါ်မိမိမော်၊ ဖိလစ်ပိုင်သံအမတ်ကြီး၏ဇနီး Mrs. Ana S. FlorCruz၊ အင်ဒိုနီးရှားသံအမတ်ကြီး၏ဇနီး Mrs. Wiwik Oratmangun တို့နှင့်အတူ ပေကျင်းမြို့ရှိ အာဆီယံအမျိုးသမီးအသိုက်အဝန်း၏ ညှိနှိုင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သံအမတ်ကြီး၏ဇနီး ဒေါ်မိမိမော်မှ တာဝန်လွှဲပြောင်းခြင်းဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့ပြီး၊ တာဝန်လွှဲပြောင်း/လက်ခံသည့်စာလွှာအား မြန်မာသံအမတ်ကြီး၏ဇနီးနှင့် ဖိလစ်ပိုင်သံအမတ်ကြီး၏ဇနီးတို့က လက်မှတ်ရေးထိုးခဲ့ကြပါကြောင်းနှင့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများနှင့် တည့်ခင်းဧည့်ခံခဲ့ပါကြောင်း သိရှိရပါသည်။




