ပုပ်ရဟန်းမင်းကြီး လီယို (၁၄)အား ရွေးချယ်တင်မြှောက်ခြင်း ပထမနှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုဧည့်ခံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်(၁၁-၅-၂၀၂၆၊ ဝါရှင်တန်)

အမေရိကန်နိုင်ငံဆိုင်ရာ ဟိုလီဆီးသံအမတ်ကြီး His Excellency Archbishop Gabriele Giordano Caccia ၏ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးသည် ဝါရှင်တန်မြို့ရှိ ဟိုလီဆီးသံရုံး၌ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်တွင် ကျင်းပပြုလုပ်သည့် ပုပ်ရဟန်းမင်းကြီးလီယို (၁၄)အား ရွေးချယ်တင်မြှောက်ခြင်း ပထမနှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြု ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဧည့်ခံပွဲသို့ အမေရိကန်အစိုးရတာဝန်ရှိသူများ၊ သံအမတ်ကြီးများ၊ သံတမန်များ၊ ကက်သလစ်သာသာရေးခေါင်းဆောင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။