ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် မြန်မာသံအမတ်ကြီးလက်မှတ်ရေးထိုး (၂၄-၄-၂၀၂၅ ရက်)

(၂၄-၄-၂၀၂၅၊ ဗီယင်နာ)

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ သံအမတ်ကြီး ဦးမင်းသိမ်းသည် ၂၃-၄-၂၀၂၅ ရက်တွင် ဗီယင်နာမြို့ရှိ ဟိုလီဆီးသံရုံးသို့သွားရောက်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၂၁-၄-၂၀၂၅ ရက်တွင် ကွယ်လွန်ခဲ့ခြင်းအတွက် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးခဲ့ပါသည်။