ပရာ့ဂ်မြို့ Diplomatic Spouse Association (DSA) မှ ကြီးမှူးကျင်းပသည့် Charity Festival ဈေးရောင်းပွဲသို့ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ(၁၂-၁၁-၂၀၂၃ ရက်)

(၁၂-၁၁-၂၀၂၃ ရက်၊ ပရာ့ဂ်)

ပရာ့ဂ်မြို့၊ Diplomatic Spouse Association (DSA) မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သံရုံးများ၏ Charity Festival ဈေးရောင်းပွဲကို Hilton Hotel ၌ ကျင်းပခဲ့ရာ၊ အဆိုပါဈေးရောင်းပွဲသို့ မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ ပါဝင်ဆင်နွှဲခဲ့ပါသည်။ 

ဖွင့်ပွဲအခမ်းအနားသို့ ချက်နိုင်ငံသမ္မတ၏ ဇနီး Ms. Eva Pavlova တက်ရောက်၍ သံရုံးများမှ သံအမတ်ကြီးများ၊ ၎င်းတို့၏ ဇနီး/ခင်ပွန်းများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကာ ပရာ့ဂ်မြို့ အခြေစိုက် သံရုံး(၅၀)ကျော်၏ နိုင်ငံအလိုက် အနုပညာပစ္စည်းများ၊ အဝတ်အထည်များ၊ လက်ဆောင်ပစ္စည်းများ၊ ထုတ်ကုန်များနှင့် ရိုးရာအစားအစာများ ရောင်းချသည့် အရောင်းပြခန်းများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရပါသည်။