နော်ဝေနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးက မြန်မာသံရုံးယာယီတာဝန်ခံအား လာရောက်တွေ့ဆုံ(၂၉-၈-၂၀၂၆၊ အော်စလို)

​နော်ဝေနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mrs. Le Thi Thu သည် နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဒေါ်ယဉ်ပိုမြတ်အား ၂၈-၈-၂၀၂၆ ရက်၊ သောကြာနေ့ ၁၀:၃၀ နာရီတွင် အော်စလိုမြို့၊ မြန်မာသံရုံး၌ လာရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချင်းနှင့် နိုင်ငံစုံကဏ္ဍတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အော်စလိုမြို့ရှိ သံတမန်အသိုက်အဝန်းနှင့် အာဆီယံကော်မတီတို့၏ လှုပ်ရှားမှုများအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
*******