နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတော်တတိယနေ့ (အကြတ်နေ့)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမဏ္ဍပ်သို့ ဘယ်လာရုစ်အကအဖွဲ့ လာရောက်ဖျော်ဖြေ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်

နေပြည်တော်လမ်းလျှောက်သင်္ကြန်ပွဲတော်တတိယနေ့ (အကြတ်နေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အတာသင်္ကြန်မဏ္ဍပ်၌ ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ တင်ဆက်ကပြမှုများ၊ အခြားဖျော်ဖြေရေးအစီအစဉ်များဖြင့်ဆက်လက်ပါဝင်ဆင်နွှဲလျက်ရှိပြီး လာရောက်ရေကစားသူပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။

အကြတ်နေ့တွင် ဝန်ကြီးဌာနမဏ္ဍပ်သို့ ဘယ်လာရုစ်နိုင်ငံမှ “နှလုံးလှသံစဉ်များ” တေးဂီတအဖွဲ့က လာရောက်ဖျော်ဖြေကာ အတာသဘင်ကို ပါဝင်ဆင်နွှဲခဲ့ပါသည်။

ယနေ့တင်ဆက်ဖျော်ဖြေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့်ဇနီး၊ ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများနှင့်ဝန်ထမ်းများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

အတာသင်္ကြန်အတက်နေ့ (ဧပြီလ ၁၆ရက်နေ့)တွင် ပြည်ပနိုင်ငံများမှ သံတမန်များ အတာသဘင် လာရောက်ပါဝင်ဆင်နွှဲရန်ရှိကြောင်းသိရှိရပါသည်။

သင်္ကြန်အကြတ်နေ့ ပုံရိပ်အချို့