နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီး Honourable Mr. Khadak Raj Paudel အား ဂါရဝပြု တွေ့ဆုံ

(၉-၇-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီး Honourable Mr. Khadak Raj Paudel အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ ၁၀၀၀ နာရီတွင် နီပေါနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနသို့ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက Honourable Mr. Khadak Raj Paudel အား ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး မြန်မာ-နီပေါနှစ်နိုင်ငံအကြား သာသနာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။