နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံခြားရေးဝန်ကြီး Honourable Mr. Shisir Khanal အား ဂါရဝပြုတွေ့ဆုံ(၂၉-၄-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Honourable Mr. Shisir Khanal အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ ၁၂၃၀ နာရီတွင် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက နီပေါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ သည့်အတွက် Honourable Mr. Shisir Khanal အား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဂုဏ်ပြု စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထို့ပြင် မြန်မာ-နီပေါနှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။