နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များအား လုမ္ဗိနီဥယျာဉ်ရှိ မြန်မာရွှေကျောင်းတော်ကြီး၊ ကျောင်းထိုင် ဆရာတော်ထံ ဆက်ကပ်လှူဒါန်း

(၂၃-၂-၂၀၂၆ ရက်၊ လုမ္ဗိနီ)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များအား ၂၂-၂-၂၀၂၆ ရက်၊ နံနက် ၁၀၃၀ နာရီတွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်ရှိ မြန်မာရွှေကျောင်းတော်ကြီးတွင် သီတင်းသုံးလျက်ရှိသည့် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုဇနိတနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ တို့ထံ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများသည် ဆရာတော်တို့ထံ သစ်သီးနှင့် လှူဖွယ်ပစ္စည်းများလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီးသည် ၂၃-၂-၂၀၂၆ ရက်၊ နံနက် ၀၉၃၀ နာရီတွင် နီပေါနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ လုမ္ဗိနီဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင် အတွင်းရေးမှူး Er. Deepak Shrestha နှင့် အကြီးတန်းညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ Mr. Gyanin Rai တို့နှင့် လုမ္ဗိနီဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရုံး၌ တွေ့ဆုံ၍ မြန်မာရွှေကျောင်းတော်ကြီးဖွံ့ဖြိုး တိုးတက်ရေးနှင့် လုမ္ဗိနီသာသနနယ်မြေအတွင်း မြန်မာဘုရားဖူးများ အဆင်ပြေချောမွေ့စွာ ဘုရားဖူးမျှော်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး၊ လုမ္ဗိနီဥယာဉ်အတွင်းသို့ လှည့်လည်ကြည့်ရှု လေ့လာခဲ့ပါကြောင်း သိရှိရပါသည်။