နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါနိုင်ငံခြားရေးဝန်ကြီးအား ဂါရဝပြုတွေ့ဆုံ (၉-၆-၂၀၂၅ ရက်)

(၉-၆-၂၀၂၅ ရက်နေ့၊ ကတ္တမန္ဒူး) 

 နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူရာနာ ဒယ်ဘအား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး၏ဧည့်ခန်းမ၌ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

 အဆိုပါတွေ့ဆုံမှုတွင် နီပေါနိုင်ငံဖက်မှ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများ၊ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဒုတိယအကြီးအကဲတို့ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး နှင့် သံတမန်ဆက်ဆံမှုများ ပိုမို အားကောင်းစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရန် ပြင်ဆင်နေမှုများနှင့်ပတ်သက်၍ အသိပေးဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။ 

************************************************************