နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီဦးထွန်းနေလင်း နီပေါနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေး

(၃၀-၈-၂၀၁၉ ရက်၊ ကတ္တမန္ဒူးမြို့)

နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းသည် နီပေါနိုင်ငံသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Aleksei A. Novikov အား ၂၇-၈-၂၀၁၉ ရက်၊ ၁၀ဝ၀ နာရီတွင် ကတ္တမန္ဒူးမြို့၊ မြန်မာသံရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ကတ္တမန္ဒူးမြို့ရှိ သံတမန်အသိုင်းအဝိုင်းနှင့် နီပေါနိုင်ငံအစိုးရတို့အကြား သံတမန်ဆက်ဆံရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။