နီကာရာဂွါသမ္မတနိုင်ငံ၊ မာနာဂွါမြို့တွင် မြန်မာသံရုံးဖွင့်ပွဲအခမ်းအနားအား ၂၈-၇-၂၀၂၆ ရက်တွင် မြန်မာသံရုံးတည်ရှိရာ No.13, Lomas de Santo Domingo ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နီကာရာဂွါသမ္မတနိုင်ငံ ပူးတွဲသမ္မတတို့က ဂုဏ်ပြုပန်းခြင်းများ ပေးပို့ခဲ့ပြီး နီကာရာဂွါသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ Dr. Arling Alonso၊ ပူးတွဲနိုင်ငံခြားရေးဝန်ကြီး Valdrack Jaentschke ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Laureano Ortega Murillo၊ မူဝါဒနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ အကြံပေးဝန်ကြီး Ivan Lara၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Rosa Adelina Barahona Castro၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Olimpia Ochoa၊ ရဲချုပ် First Commissioner Francisco Diaz၊ ဌာနဆိုင်ရာနှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်က အမှာစကားပြောကြားပြီး နီကာရာဂွါသမ္မတနိုင်ငံအစိုးရဘက်မှ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Laureano Ortega Murillo နှင့် ပူးတွဲနိုင်ငံခြားရေးဝန်ကြီး Valdrack Jaentschke တို့က အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။
၂၈-၇-၂၀၂၆
မြန်မာသံရုံး၊ မာနာဂွါမြို့






