နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်က နီကာရာဂွါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးထံ သံအမတ်ခန့်အပ်လွှာ ပေးအပ် (၇-၇-၂၀၂၆၊ မာနာဂွါ)

နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက် (အင်္ဂါနေ့) ဒေသစံတော်ချိန် နံနက် ၁၀:၀၀ နာရီတွင် နီကာရာဂွါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Valdrack Jaentschke Whitaker ထံသို့ ၎င်း၏သံအမတ်ခန့်အပ်လွှာ(မိတ္တူ)အား ပေးအပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပူးတွဲနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Denis Moncada လည်း ပါဝင်တက်ရောက်ခဲ့သည်။
သံအမတ်ခန့်အပ်လွှာ(မိတ္တူ) ပေးအပ်ပွဲအခမ်းအနားတွင် သံအမတ်ကြီး ဦးထွန်းအောင်ကျော်နှင့် နီကာရာဂွါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်တည်ဆောက်သွားရေး၊ နှစ်နိုင်ငံအကျိုးစီးပွားမြှင့်တင်နိုင်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။