နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး အား သွားရောက်တွေ့ဆုံ (၁၃-၈-၂၀၂၆၊ မာနာဂွါ)

နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် ၁၂-၈-၂၀၂၆ ရက်၊ မွန်းလွဲ ၃ နာရီချိန်တွင် မာနာဂွါမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးသို့ သွားရောက်၍ နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ၊ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Qu Yuhui အား သွားရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး နီကာရာဂွါနိုင်ငံတွင် နှစ်နိုင်ငံသံရုံးအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။