နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်က နီကာရာဂွါနိုင်ငံ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ H.E. Mr. Ovidio Reyes အား ဂါရဝပြုတွေ့ဆုံ (၁၃-၈-၂၀၂၆၊ မာနာဂွါ)

နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် နီကာရာဂွါသမ္မတနိုင်ငံ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ H.E. Mr. Ovidio Reyes အား ဗဟိုဘဏ်၏ အစည်းအဝေးခန်းမဆောင်၌ ၁၂-၈-၂၀၂၆ ရက်၊ နံနက် ၁၀:၃၀ နာရီတွင် သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီးမှ မာနာဂွါမြို့တွင် မြန်မာသံရုံးဖွင့်လှစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးမှုများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့အကြား သက်ဆိုင်ရာနယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကိစ္စရပ်များ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နီကာရာဂွါသမ္မတနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ သမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Laureano Ortega Murillo ၊ နီကာရာဂွါဗဟိုဘဏ် အထွေထွေမန်နေဂျာ Ms. Magaly Saenz နှင့် စီမံခန့်ခွဲမှုဌာန၊ မန်နေဂျာ Mr. Carlos Sequeira တို့ တက်ရောက်ခဲ့ကြသည်။