နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်ကနီကာရာဂွါအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Dr. Gustavo Porras အား ဂါရဝပြုတွေ့ဆုံ (၁၀-၈-၂၀၂၆၊ မာနာဂွါမြို့)

နီကာရာဂွါသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းအောင်ကျော်သည် နီကာရာဂွါသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Dr. Gustavo Porras အား အမျိုးသားလွှတ်တော်ရှိ အစည်းအဝေးခန်းမဆောင်၌ ၁၀-၈-၂၀၂၆ ရက်၊ နံနက် ၁၁၃၀ နာရီတွင် သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီကာရာဂွါနိုင်ငံတို့၏ သမိုင်းအကျဉ်းနှင့် လွှတ်တော်များအကြောင်းကို အပြန်အလှန် ရှင်းလင်းပြောကြားခဲ့ကြပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
​အဆိုပါတွေ့ဆုံပွဲသို့ နီကာရာဂွါသမ္မတနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ သမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Laureano Ortega Murillo၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) Dr. Arling Alonso၊ အမျိုးသားလွှတ်တော်အတွင်းရေးမှူး (၁) Ms. Loria Dixon တို့ တက်ရောက်ခဲ့ကြသည်။