(၅-၁၂-၂၀၂၅ ရက်၊ ပါရီမြို့)
ပြင်သစ်နိုင်ငံ၊ စပိန်နိုင်ငံနှင့် အင်ဒိုရာနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ ပါရီမြို့၌ ၅-၁၂-၂၀၂၅ ရက်(သောကြာနေ့)၊ နံနက် ၁၀၀၀နာရီ မှ ၁၆၀၀ နာရီအချိန်အထိ မဲရုံပထမနေ့အဖြစ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများ စနစ်တကျ ကြိုတင်ဆန္ဒမဲပေးခဲ့ကြပါသည်။
မြန်မာသံရုံး၊ ပါရီမြို့တွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို ၅-၁၂-၂၀၂၅ မှ ၆-၁၂-၂၀၂၅ အထိ (၂) ရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
**********************



