နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီးစဉ် (ဒုတိယနေ့) (၆-၁၀-၂၀၁၈ ရက်၊ တိုကျိုမြို့)

ဂျပန်ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်နှင့် နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ရန် ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ ဒေသစံတော်ချိန် ၁၄၀ဝ နာရီတွင် တိုကျိုမြို့ရှိ New Otani ဟိုတယ်၌ NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတစ်ရပ်အား ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၅၀ဝ နာရီတွင် New Otani ဟိုတယ်၌ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဝန်ထမ်းများ၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ညအိပ်ရပ်နားခဲ့ကြကြောင်း သိရှိရပါသည်။