State Counsellor Daw Aung San Suu Kyi receives Chinese Special Envoy for Asian Affairs

Daw Aung San Suu Kyi, State Counsellor and Union Minister for Foreign Affairs of the Republic of the Union of Myanmar, received Mr Sun Guoxiang, Special Envoy for Asian Affairs of the Ministry of Foreign Affairs of the People’s Republic of China, on 14 August 2019 at 11:15 am at the Ministry of Foreign Affairs in Nay Pyi Taw.

During the meeting, they cordially discussed matters relating to the recent developments in national reconciliation and peace process, progress on the bilateral consultation with Bangladesh for early commencement of repatriation of the verified displaced persons from Rakhine State and the constructive support extended by China to the Myanmar Government’s efforts in this regard.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

(၁၄-၈-၂၀၁၉ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းအား ၁၄-၈-၂၀၁၉ ရက်နေ့၊ (၁၁၁၅) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနက် စိစစ်ပြီးသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံချင်း ညှိနှိုင်းဆွေးနွေးမှု အခြေအနေများနှင့် ယင်းလုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်နေမှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ကူညီဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရှိရပါသည်။