State Counsellor receives Ambassador of Georgia

Daw Aung San Suu Kyi, State Counsellor and Union Minister for Foreign Affairs of Myanmar, received Mr Nikoloz Apkhazava, Ambassador Extraordinary and Plenipotentiary of Georgia to Myanmar, with residence in Kuala Lumpur at 2 pm yesterday at the Ministry of Foreign Affairs in Nay Pyi Taw.

At the meeting, they cordially exchanged views on matters pertaining to promotion of bilateral relations and cooperation including culture, tourism, transportation and agricultural sectors between Myanmar and Georgia.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၁၄-၈-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကွာလာလမ်ပူမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာ သံအမတ်ကြီး H.E. Mr. Nikoloz Apkhazava အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်၊ ၁၄:ဝ၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဂျော်ဂျီယာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ ပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။