နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတတို့ တွေဆုံ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ Mr. Maithripala Sirisena တို့သည် ဩဂုတ်လ ၃၀ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် နီပေါနိုင်ငံ ၊ ကတ္တမန္ဒူးမြို့ရှိ Soaltee Crown Palaza Hotel , Board Room ၌ တွေ့ဆုံကြသည်။

တွေ့ဆုံစဉ် မြန်မာ – သီရိလင်္ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုများ တိုးမြှင့်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနို်င်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။