တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ သွားရောက်သည့် ရည်မှန်းချက်များအားလုံး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ယနေ့ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့် ပြည်သူများက နေပြည်တော်လေဆိပ်၌ သောင်းသောင်းဖြဖြ လာရောက်ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
#PPIB









