နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မွမ်ဘိုင်းမြို့သို့ ဆက်လက်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေရာ ယနေ့ ၂-၆-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် နယူးဒေလီမြို့၊ Palam လေတပ်စခန်းမှတစ်ဆင့် အထူး လေယာဥ်ဖြင့် မွမ်ဘိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပါသည်။

ကိုယ်စားလှယ်အဖွဲ့အား နယူးဒေလီမြို့၊ Palam လေတပ်စခန်းတွင် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ပါသည်။

*******************