နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့လာ

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။
လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား ပြတိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

#Reference:PPIB