(ဘန်ဂလိုး၊ ၆-၉-၂၀၂၅)
International Resilience Summit 2025 ခေါင်းစဉ်ဖြင့် နိုင်ငံတကာစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ နံနက် ၁၀ နာရီတွင် အိန္ဒိယနိုင်ငံ၊ ဘန်ဂလိုးမြို့ရှိ ရှန်ဂရီလာဟိုတယ်၌ကျင်းပပြုလုပ်ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက ဧည့်သည်တော်အကြီးအကဲအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို အိန္ဒိယစီးပွားရေးနှင့် ကုန်သွယ်မှုအဖွဲ့ (India Economic Trade Organization – IETO) ကဦးစီးကျင်းပခြင်းဖြစ်ပြီး အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအလိုက်ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ကြပြီး သံအမတ်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား လက်ရှိကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေမှုအခြေအနေများ၊ အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ပါသည်။

