(၂၈-၁-၂၀၂၂ ရက်၊ နန်နင်း)
၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့အစိုးရသည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် အောက်ဆီဂျင်စက် (၁၀)လုံး၊ N95 Mask အရေအတွက် (၅၆၀၀)၊ Facial Mask အရေအတွက် (၂၀၀၀) နှင့် ဆေးဘက်ဆိုင်ရာသုံးလက်အိတ်အစုံ (၁၀၀၀) ကိုလည်းကောင်း၊ နန်နင်းမြို့၏ညီအစ်မမြို့တော်ဖြစ်သည့် ရန်ကုန်မြို့အတွက် အောက်ဆီဂျင်စက် (၁၀)လုံး၊ N95 Mask အရေအတွက် (၈၄၀၀)၊ Facial Mask အရေအတွက် (၂၀၀၀) နှင့် ဆေးဘက်ဆိုင်ရာသုံးလက်အိတ်အစုံ (၂၀၀၀) ကိုလည်းကောင်း လှူဒါန်းမည်ဖြစ်ရာ၊ နန်နင်း နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူး Ms. Peng Jiang က နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း ထံ ၂၈-၁-၂၀၂၂ ရက်နေ့၊ နံနက် (၀၉၃၀) နာရီတွင် လာရောက် တွေ့ဆုံ၍ အဆိုပါလှူဒါန်းပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၂။ မြန်မာကောင်စစ်ဝန်ချုပ်မှလည်း နန်နင်းမြို့အစိုးရနှင့် နန်နင်း နိုင်ငံခြားရေးရုံးသို့ ကနဦး ကျေးဇူးတင်ရှိကြောင်းစာလွှာကို ပြန်လည်ပေးအပ်ခဲ့ပြီး၊ အဆိုပါပစ္စည်းများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။





