(၁၀-၈-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၁၀-၈-၂၀၂၃ ရက် (၁၀၀၀) နာရီတွင် လောကနတ်ခန်းမ၌ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသနှင့် ပင့်သံဃာ(၄)ပါး၊ စုစုပေါင်း ပင့်သံဃာ(၅)ပါးတို့ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူခဲ့ကြပြီးနောက်၊ ဆရာတော်များထံ ဝါဆိုသင်္ကန်းများ၊ နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းလျက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရှိရပါသည်။





