(၂၁-၇-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန တို့မှ အရာထမ်းများအတွက် အင်္ဂလိပ်စာမွမ်းမံသင်တန်းအမှတ် စဉ် (၁/၂၀၂၃)နှင့် အမှုထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၁-၇-၂၀၂၃ ရက်၊ (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဆင်းပွဲ အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ တာဝန်ရှိသူများ၊ Naypyitaw State Academy (NSA) မှ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၃၀-၅-၂၀၂၃ ရက်မှ ၂၁-၇-၂၀၂၃ ရက်အထိ၊ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် (၁၅:၃၀) နာရီမှ (၁၇:၃၀) နာရီအထိ ရက်သတ္တ(၈)ပတ်ကြာ တစ်ပြိုင်တည်း သီးခြားစီ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
သင်တန်းများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန တို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၇) ဦး တက်ရောက်ခဲ့ကြပြီး၊ အရာထမ်းများအတွက် သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills ဖြစ်သည့် Reading၊ Writing၊ Listening ၊ Speaking Skills များမွမ်းမံလေ့ကျင့်ပေးခြင်း၊ ရုံးစာရေးသားမှုများ ဖြစ်သည့် Note Verbale ရေးသားနည်းများ၊ Speech ရေးသားနည်းများ၊ သဝဏ်လွှာ ရေးသားနည်းများ၊ Conference Meeting များ ပြင်ဆင်ဆောင်ရွက်ခြင်း စသည်တို့အား လေ့ကျင့်သင်ကြားပေးခြင်းများနှ င့် Intercultural Communication ဆိုင်ရာများ သင်ကြားပို့ချပေးခြင်း၊ Group Presentation များဖြင့် လက်တွေ့လေ့ကျင့်ပေးခြင်း စသည်တို့ကို သင်ကြားပို့ချခဲ့ပြီး၊ အမှုထမ်းများအတွက် သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ 4 Skills စွမ်းရည်များ မြှင့်တင်ပေးခြင်းနှင့် Grammar များ မှန်ကန်စွာ အသုံးပြုတတ်စေခြင်း၊ Communication Skills နှင့် Presentation Skills များ မြှင့်တင်ပေးခြင်း၊ ကိုယ်ရေးရာဇဝင်အကျဉ်း ဖြည့်စွက်ရေးသားခြင်း၊ Email ရေးသားခြင်း၊ Visa Form ဖြည့်စွက်ခြင်း၊ ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ Intercultural Communication ဆိုင်ရာများ စသည်တို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။







