နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်က ခန့်အပ်လွှာ လာရောက်ပေးအပ်(၁၆-၅-၂၀၂၃ ရက်)

(၁၆-၅-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Noriko Takagi က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်၊ ၀၉၃၀ နာရီတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပြီး၊ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါသည်။

ခန့်အပ်လွှာ ပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။