နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အာရှပစိဖိတ်ဒေဆိုင်ရာ ညွှန်ကြားရေးမှူး အား လက်ခံတွေ့ဆုံ(၂၆-၄-၂၀၂၃ ရက်)

(၂၆-၄-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ၂၆-၄-၂၀၂၃ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက IFRC ၏ လုပ်ငန်းသဘောသဘာဝ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ကူညီပံ့ပိုးပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး၊ သန့်ရှင်းရေး၊ အသိပညာပေးရေးကဏ္ဍများတွင် နည်းပညာအကူအညီများပေးအပ်ရေးနှင့်ပတ်သက်၍  ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။