နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ နှစ်သစ်ကူး မိတ်ဆုံ ညစာစားပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

(၉-၁-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်ကူး မိတ်ဆုံညစာစားပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်၊ ၁၈၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်ကူး မိတ်ဆုံညစာစားပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန မျက်နှာစာရှိ မြက်ခင်းပြင်တွင် ကျင်းပခဲ့ပါသည်။

ထို့နောက် အခမ်းအနားအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ဆက်လက်ပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဝန်ထမ်းများအား နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ်အတွင်း သင်တန်းများ၌ ထူးချွန်ဆု ရရှိခဲ့သူများနှင့် ဒီဇင်ဘာလ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အသီးသီး ဆုချီးမြှင့်ခဲ့ကြပါသည်။

ဆုချီးမြှင့်ပွဲနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ ဝန်ထမ်းများက တေးသရုပ်ဖော်၊ တေးသီချင်းများဖြင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဝန်ထမ်းများအား ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။