နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၂၉-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Saurabh Kumar အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ ၂၉-၁၁-၂၀၁၉ ရက်နေ့၊ (ဝ၉၃၀) နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့လက်ခံတွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ လာမည့် ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံတွင် ကျင်းပရန်ရှိသော (၁၈) ကြိမ်မြောက် မြန်မာ-အိန္ဒိယ မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။