နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum-WEF) ၏ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ

(၇-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum-WEF) ၏ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အကြီးအကဲ Mr. Justin Wood အား ၇-၁၁-၂၀၁၉ ရက်၊ (၁၆:ဝ၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့၌ ကျင်းပမည့် “50th World Economic Forum Annual Meeting” ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ် သွားနိုင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။