နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံး၊ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံခဲ့ခြင်း

(၂၁-၁၀-၂၀၂၆၊ နေပြည်တော်)

​နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံရုံး၊ သံရုံးယာယီတာဝန်ခံ မစ္စတာ အာလျက်ခ် ဟလူဘူး အား ၂၁-၁၀-၂၀၂၆ ရက်၊ ၁၂:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးကို နေပြည်တော်၌ ဖွင့်လှစ်ခြင်းကိစ္စ၊ နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးထားသည့် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်