(၂၆-၉-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးနေရာ အတွက် ရွေးချယ်ခန့်အပ်နိုင်ရန် ရေးဖြေစာမေးပွဲကို ၂၆-၉-၂၀၂၆ ရက်၊ စနေနေ့ နံနက် ၀၉:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော်၌ ကျင်းပခဲ့သည်။
အဆိုပါရေးဖြေစာမေးပွဲ ကျင်းပနေမှုနှင့် စာမေးပွဲဖြေဆိုနေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်းနှင့် စိတ်အခြေအနေစစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။



