နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ  UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအသစ်ကခန့်အပ်လွှာ လာရောက်ပေးအပ်(၉-၂-၂၀၂၃ ရက်)

(၉-၂-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အား အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ်ဆိုင်ရာကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ် (Joint United Nations Programme on HIV/AIDS-UNAIDS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး (Country Director) အဖြစ် တာဝန်ထမ်းဆောင်မည့် Dr. Rangaiyan Gurumurthy ကနေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၊ ၁၆၀၀ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံ၍၊ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါသည်။ ခန့်အပ်လွှာ ပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။