(၃-၈-၂၀၂၆၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န) ဝါ ဟူစိန် အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့်နည်းလမ်းများကို အမြင်ချင်းဖလှယ်ခဲ့ပြီး ကောင်စစ်ရေးရာကိစ္စများ၊ ကုန်သွယ်ရေးနှင့်စွမ်းအင်စသည့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

