နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က Shanghai Institutes for International Studies (SIIS) ဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(၂၄-၉-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Think Tank သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် Shanghai Institutes for International Studies (SIIS) ဥက္ကဋ္ဌ Professor Chen Dongxiao ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ ၂၄-၉-၂၀၁၉ ရက်၊ ၁၀ဝ၀ နာရီအချိန်တွင် လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့ လက်ခံတွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး၊ တရုတ်-အာဆီယံ ဆက်ဆံရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ Think Tank သုတေသနအဖွဲ့အစည်းများအကြား တိုးမြှင့် ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများနှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။