နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား လက်ခံတွေ့ဆုံ

(၁၇-၇-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မကြာမီပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

​ထိုသို့တွေ့ဆုံစဉ် Ms. Sara Austin Netzer အနေဖြင့် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း မြန်မာနိုင်ငံနှင့် UNOPS တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် UNOPS မှ ဆက်လက်ဆောင်ရွက်လျက်ရှိမည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။​

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။