ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား နယ်စပ်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်မှု၊ အကောင်အထည်ဖော်လျက်ရှိသည့် ပေါင်းကူးဆက်နွှယ်ရေးစီမံကိန်းများ အထူးသဖြင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးစသည့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

