(၁၂-၇-၂၀၂၆၊ ဗန်ကောက်)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့နှင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် တွေ့ဆုံ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံအတွင်း ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

*******

