နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ကမ္ဘောဒီးယားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး မစ္စတာ ကျိန်းမနက်သ် အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးပိုမိုတိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်