နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေထံ ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့ (UN Women) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ်က ခန့်အပ်လွှာ လာရောက်ပေးအပ် (၂၅-၆-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေအား ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ (UN Women) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အသစ် Ms. Geeta Kuttiparambil က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်၊ ၁၀:၃၀ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး၊ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
ခန့်အပ်လွှာပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။