နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန် အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်၊ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အိမ်နီးချင်းကောင်းပီသမှု၊ စစ်မှန်သည့် စိတ်ဆန္ဒ တို့အပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ် ဘက်က မြန်မာဘက်သို့ စိစစ်ရန် ပေးအပ်ထားသည့် နေရပ်စွန့်ခွာသူများစာရင်းအပေါ် မြန်မာဘက်က စိစစ်ပြီးစီးမှု အခြေအနေများနှင့် ရခိုင်ပြည်နယ်၌ အမှန်တကယ် နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံ သွားရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်



