နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး မစ္စတာ အူလာဇမီယာ ဘာရာဗီကူအား ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်၊ ၁၃၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
ထို့သို့တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား အပြန်အလှန်ခရီးစဉ်များ မှတစ်ဆင့် နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက် လျက်ရှိသည့် သဘောတူစာချုပ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နေပြည်တော်တွင် ဘယ်လာရုစ်သံရုံး ဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။


