(၂၇-၂-၂၀၂၆ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် လာအို-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ၊ Mr. Chanthavong SENEAMATMONTRY (မစ္စတာ ချန်သာဝွန် ဆန်အာမမွန်းတီ) {လာအိုအမျိုးသားလွှတ်တော် ပြင်ပဆက်ဆံရေးဌာန၊ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ချစ်ကြည်ရေး အသင်းအဖွဲ့ဝင်များအား ၂၇-၂-၂၀၂၆ ရက်(သောကြာနေ့)၊ နံနက် ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်၊ သာသနာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် အလုပ်သမားရေးရာစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ပြည်သူအချင်းချင်းကူးလူးဆက်ဆံမှုမြှင့်တင်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံမှုသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုသံအမတ်ကြီး၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် နှစ်ဖက်ချစ်ကြည်ရေးအသင်းတို့မှ အဖွဲ့ဝင်များလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

