(၂၆-၂-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် နှင့် စတုတ္ထအကြိမ် ပူးတွဲနယ်နိမိတ်လုပ်ငန်း အဖွဲ့အစည်းအဝေး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသော အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဌာနမှ တွဲဖက်အတွင်းဝန် မစ္စတာ ဘီ ရှာရမ် တို့အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံတို့အကြား နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

