နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၁၀-၂-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်၊ ၁၃၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာ တည်ရှိပြီးဖြစ်သော ချစ်ကြည် ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုတိုးမြင့်စေရေးနှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။